About Us

လွန်ခဲ့သော ၁၉၅၀ ခုနှစ်များက စတင်ပြီး ယခု အချိန်ထိတိုင်အောင် မြန်မာလူမျိုးတို့ရဲ့ နေ့စဥ်ဘဝထဲမှာ “HINO” ဆိုတဲ့ အမှတ်တံဆိပ်တစ်ခု တည်ရှိ ဖြစ်တည် နေခဲ့ပါသည် ။ ယခုမှစ၍ နောက်မျိုးဆက်သစ်များ တိုင်အောင် ချစ်ခင်ခြင်း ၊ ကြင်နာခြင်း ဖြင့် ယုံကြည်မှုများ ကိုဆက်လက်တည်ဆောက်သွားကြပါစို့ ။ “HINO” အမှတ်တံဆိပ် အပေါ် ချီးကျူး ထောပနာ ပြုမှုများသည်ကပင် ကျွန်တော်တို့ “HINO” အား အရည်အသွေးမြင့်ပြီး ယုံကြည့်စိတ်ချရသော ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချနိူင်ရန် တွန်းအားပေးနေပါသည်။

၂၀၁၄ ခုနှစ် သြဂုတ်လတွင် Sumitomo Corporation (SC)၊  နှင့် YOMA Strategic Holdings Limited (YSH) တို့  ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ပေါက်ဖွားလာသော Summit SPA Motors Ltd. (SSM) သည် မြန်မာနိူင်ငံတွင် အရည်အသွေးမြင့်မားသောတဲ့ “HINO” အမှတ်တံဆိပ် ကုန်ပစ္စည်းများကို စတင် ဖြန့်ဖြူးခဲ့ပါသည်။

Summit SPA Motors Ltd. (SSM) သည် မြန်မာနိူင်ငံမှာ ရှိတဲ့ ကုန်ကားမောင်းနှင်မှုကို တိုးတက်အောင်ပေးမည့် ရှင်းလင်းပြတ်သားသော ရည်ရွယ်ချက်ဆီသို့ ရင်းနှီးမြုပ်နှံသူများနှင့်အတူ တက်လှမ်းနေပါသည်။ မြန်မာနိူင်ငံရဲ့ အကြီးမားဆုံးသော ကုန်းလမ်းသွားယာဥ် ဖြန့်ဖြူးရောင်းရရေးနှင့် ရောင်းချပြီး ဝန်ဆောင်မှု အကောင်းဆုံး လိမိတက် အနေဖြင့် “HINO” အမှတ်တံဆိပ်များကို မြန်မာနိူင်ငံသို့ အရောက်ပို့ဆောင်ပေးနေပါသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ တွင် အမှတ် (၃) လမ်းမကြီး လှည်းကူးမြို့၌ “HINO Authorized Service Station(HASS)” ကိုစတင်ဖွင့်လှစ်ပြီး အရည်အသွေးမြင့် ဝန်ဆောင်မှုဖြစ်တဲ့ “HINO Quality Services” ကိုဝန်ဆောင်မှုပေးရုံသာမက အသုံးဝင် တာရှည်ခံ “HINO” အမှတ်တံဆိပ်ကားများကို လည်း အကြီးအကျယ်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

 

HINO Myanmar Timeline

2012

၂၀၁၂ ခုနှစ် SPA နှင့် Sumitomo Corporation တို့ မြန်မာနိူင်ငံတွင် HINO နှင့်ပတ်သတ်သောစီးပွားရေးလုပ်ငန်းများ
လုပ်ကိုင်ရန်စာချူပ်ချူပ်ဆို

2013

၂၀၁၃ ခုနှစ် လှိုင်သာယာ တွင် လုပ်ငန်းများအား ယာယီ လုပ်ကိုင်

2014

၂၀၁၄ ခုနှစ် Summit SPA Motors Ltd; အမည်ဖြင့် ကုမ္ပဏီ လုပ်ငန်းလိုင်စင် ရရှိပြီး HINO Authorized Service Station (HINO QUALITY SERVICE) အဖြစ် Hino Motors Limited (Japan) မှ ခန့်အပ်

2015

၂၀၁၅ ခုနှစ်လှည်းကူးတွင် (၃) မျိုးသုံး (အသစ်ရောင်းချ ထိန်းသိမ်းပြင်ဆင် အပိုပစ္စည်း) စက်ရုံ အလုပ်ရုံ ကို ဖွင့်လှစ် ၊ မန္တလေး ရုံးခွဲ ဖွင့်လှစ်

2016

၂၀၁၆ ခုနှစ် Hino Brand New Showroom နှင့် လုပ်ငန်းလိုင်စင် များရှိ

2017

၂၀၁၇ ခုနှစ် SSM ကို မြန်မာနိူင်ငံအတွက် တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် သတ်မှတ်

Myanmar